ပါတိတ်အဆင်လှလှလေး


 







လင်းကတော့ပါတိတ်အဆင်သစ်နဲ့လှချလိုက်ပြန်ပြီနော်


လင်းအမြဲပြောနေကျ အရိုးဆုံးက အလွဆုံးဘဲ ဆိုတဲ့အတိုင်း ပါတိတ်လေးကဝတ်ထားရင် ရိုးရိုးယဉ်ယဉ်လေးနဲ့ကိုလှတာနော် 


ဝမ်းဆက်တစုံ >> ၅၅၀၀ ကျပ်ပါရှင့်(အနဲဆုံး ၅စုံ ၁၀စုံစယူပေးရပါမယ်ရှင့်)


ဝမ်းဆက် အင်္ကျီ တကိုက္တထြာ ထဘီ၂ကိုက္တထြာပါလို့ ကြိုက်သလောက်ဝ ချုပ်ဝတ်ရအိုကေပါတယ်ရှင့် 


လင်းပုံလေးတွေကြည့်ရတာ ကိုယ်ချစ်မမတွေကိုအတိတ်ကပုံရိပ်လေးပြန်လွမ်းမောစေပြီးတခုခုထူးခြားနေတယ်ဟုတ်?😍


လင်းတို့မေမေတွေခေတ်တွေတုန်းကတည်းအသဲစွဲ စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့ကြတဲ့ပါတိတ်လေးနဲ့  ဘိုးဘွားစဉ်ဆက်ကတည်းက အမြတ်တနိုးဝတ်ဆင်ခဲ့ကြတဲ့အဆင်တန်ဆာ ရွှေထည်လေးတွေရယ်နဲ့တကယ်ကိုယဉ်ပြီးလှနေသောဘဲနော်....(ကိုယ့်ဘာကိုယ်လှတယ်ထင်တာဘဲ😝)


လင်းဒီမှာပြောချင်တာကတချို့တွေဆိုလင်းပုံမှာဝတ်ထားသလိုရွှေတွေထုတ်ဝတ်ရမှာရှက်ကြတယ် 😖အမှန်ပြောရရင်လင်းလည်း အရင်တုန်းရှက်ခဲ့ဖူးတယ် 😔ပုံတုံးတုံးကြီးပေါ့ သူများရီမှာရှက်တယ်လေ တကယ်တော့ဘာမှရှက်စရာမရှိပါဘူး ကိုယ်ပိုင်ရှာထားတဲ့ငွေနဲ့ ကိုယ့်ဘာသာဝယ်တာလေ...ရွှေဆိုတာ ဆိုရိုးလေးတခုအရ မရှိဝမ်းဆာ ရွိတန်ဆာ ဆိုတဲ့အတိုင်းကိုယ်ငွေစုမိတဲ့အခါဝယ်စုထားမှာဘဲလေ ကိုယ်ငွေလိုရင်တော့အချိန်မရွေးပြန်ထုတ်ရောင်းမှာလေ အဲ့တော့ ခုလိုအလျှော့တွက်ခနဲတာလေးတွေဝယ်စုကြမှာဘဲ ပြီးရင် အဲ့တာတွေထုတ်မဝတ်ရဲကြဘူး ပုံကရိုးတော့သူများပြောမှာဆိုးလို့တဲ့  

 

ကဲ...အဲ့တော့ကိုယ့်ချစ်မမတွေကိုလင်းပြောချင်တာ ပါတိတ္က အဖွားကြီးတွေဝတ်တာ ပါတိတ်ဝတ်ရင် လူကရင့်သွားလိုက်တာ ဟယ် ရွှေတွေဝတ်ထားတာတောဆန်လိုက်တာရွှေတွေနဲ့ပုံတုံးလိုက်တာဟယ် အဲ့လိုပြောခံရမယ်ဆိုတဲ့အတွေးတွေ ခေါင်းထဲကထုတ်ပလိုက်ပါ 


ကိုယ်ဝယ်စုထားတဲ့လက်ဝတ်ရတနာဘဲဖြစ်ဖြစ် အဝတ်အစားဘဲဖြစ်ဖြစ် ဝယ်ပြီးသွားရင်သင့်တင့်လျောက်ပတ်တဲ့နေရာမှာထုတ်ဝတ်ကြပါလို့ ပုံတုံးကြီးဆိုပြီးထုတ်ဝတ်မှာ မရှက်ပါနဲ့ ကိုယ်ကြိုက်တာကိုယ်ဝယ်ဝတ်ပြီးကိုယ် စိတ်ချမ်းသာဖို့အရေးကြီးပါတယ် 

ဘယ်အရာမဆိုသူ့အလှတရားနဲ့ သူတမျိုးတဖုံလှနေကြတာပါဘဲရှင်

မှာယူနိုင်ပါပီနော်

☎️-09696954571

ပုသိမ်မြို့

 

Share:

No comments:

Post a Comment

လူကြိုက်အများဆုံးပိုစ့်

Like & Followပေးပါဦး

Followလုပ်ပေးခဲ့ပါဦး